Mizzima
ရန်ကုန်မြို့ပြစစ်ကြောင်း အာဇာနည်နေ့ အခမ်းအနားပြုလုပ်
ရန်ကုန်မြို့ပြစစ်ကြောင်း အာဇာနည်နေ့ အခမ်းအနားပြုလုပ် ရောင်နီမဇ္ဈိမ။ ။ ယနေ့ (ဇူလိုင် ၁၉ ရက်)ကျရောက်သည့် ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ပြစစ်ကြောင်း(RUC) နောက်တန်းရုံးက ၎င်းတို့တည်ရှိရာနေရာတွင် အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အလံကို တဝက်ချကာ အလေးပြုခြင်း၊ သေနတ်ပစ်ဖောက်ကာ အလေးပြုခြင်းများဖြင့် အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခြင်း ဖြစ်သည်။ “ အာဇာနည်ခေါင်းဆောင်တွေအတွက် ဝမ်းနည်းရသလို အာဇာနည်အသစ်တွေ ထပ်ပြီးမပေါ်ပေါက်လာစေဖို့အတွက် ကျတော်တို့ RUC အနေနဲ့ မဟာမိတ်စစ်ကြောင်းများနှင့်အတူ လက်တွဲပြီး လွတ်လပ်ရေးအမြန်ဆုံးရနိုင်ဖို့ ကြိုးစားလျက်ရှိနေပါတယ်။” ဟု Rangoon UG Column (RUC) တပ်ဖွဲ့တာဝန်ရှိသူ Monday RUC က မဇ္ဈိမကို ပြောသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အားတင်းထားကြရန်နှင့် ပြည်တော်ဝင်အပြန်လမ်းများကို စောင့်မျှော်ပေးကြရန် ၎င်းက တိုက်တွန်းသည်။ ရန်ကုန်မြို့ပြစစ်ကြောင်း Rangoon UG Column (RUC) သည် ရန်ကုန်ရှိ စစ်ကောင်စီတပ်ကို ပြောက်ကျားစစ်ဆင်ရေးဖြင့် တိုက်ခိုက်နေသည့် Yangon Federal Army(Y.F.A)နှင့် God Of Death Army(G.O.D)တို့ ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ကြောင်းဖြစ်သည်။စာတည်း - သန့်ဇော်(သန်လျင်)#mizzima#ရန်ကုန်မြို့ပြစစ်ကြောင်း#နောက်တန်းရုံး#အာဇာနည်နေ့Video Link >>
https://youtu.be/YI1I-OMQBTs-----------------------------------------Mizzima
News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ
https://t.me/mizzimatvလွတ်လပ်တဲ့
မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
or
https://ift.tt/bMj40V8
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FYI1I-OMQBTs&h=AT2a1LQ6uMJi6i5xMQAARj3yNzAyQMALQ2EOoC1bDIVQBFirscDCY_chxCvHt5zM_Iyg0NkDZONYGa067KunYb2qtvar6eWRro1sa3dyAeVeyxkDfkxWZxgCw3XsGeQs&s=1
Comments
Be the first to add a comment