ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ် ယူနစ်နယ်မြေများကို ဖြတ်သန်းသယ်ဆောင်မည်ဆိုပါက ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဌာန ဖြတ်သန်းခွင့်လိုအပ်ကြောင်း NUG က ညွှန်ကြားချက်ထုတ်သည်။
ဖြတ်သန်းသယ်ဆောင်မည့် မဟာမိတ်အဖွဲ့အစည်းသည် NUG နှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုဥက္ကဋ္ဌ (၁) ဦးလွင်ကိုလတ်က မတ်လ ၆ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် လျှို့ဝှက်ညွှန်ကြားစာတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ အဖွဲ့အစည်းတွေနဲ့ ကြိုတင်စကားပြောထားတာမရှိတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီစာထုတ်တယ်ဆိုတာ မသိရဘူး။ ဒီစာအတိုင်းဆိုရင် ကချင် ၊ ချင်းနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံတဲ့ပုံစံ သက်ရောက်တာပေါ့” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဆလိုင်း ထန်ချွန်းဖေက မဇ္ဈိမကိုပြောသည်။ Read more:
https://bur.mizzima.com/2026/03/08/84283