ဖီဖာ စည်းမျဉ်းအသစ်က အမျိုးသမီးနည်းပြများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေး

AFP

ဖီဖာက ကြီးမှူးကျင်းပတဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲတရပ်မှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတိုင်း နည်းပြချုပ် (ဒါမှမဟုတ်) လက်ထောက်နည်းပြနေရာမှာ အမျိုးသမီးတဦးကို မဖြစ်မနေ ခန့်အပ်ထားရတော့မှာ ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ စည်းမျဉ်းတွေကို ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဖီဖာကောင်စီအစည်းအဝေးမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုဟာ လူငယ်နဲ့ စီနီယာပြိုင်ပွဲတွေ၊ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းပြိုင်ပွဲတွေ အားလုံးမှာ အကျုံးဝင်မှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ပိုလန်နိုင်ငံမှာကျင်းပမယ့် ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စတင်ကျင့်သုံးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ်မြောက် အမျိုးသမီးချန်ပီယံဖလား၊ ၂၀၂၇ ဘရာဇီးလ်အမျိုးသမီးကမ္ဘာ့ဖလားနဲ့ နောက်နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် အမျိုးသမီးကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာလည်း ဒီစည်းမျဉ်းကို အသုံးပြုသွားမှာပါ။

ဖီဖာရဲ့ ထုတ်ပြန်ချက်အရ ဒီလုပ်ဆောင်ချက်ဟာ “အမျိုးသမီးဘောလုံးလောက အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ နည်းစနစ်ပိုင်းနဲ့ ခေါင်းဆောင်မှုကဏ္ဍတွေမှာလည်း…

Comments

Be the first to add a comment