အတိတ်ကို ဖုန်းပြန်ဆက်လို့ရမယ့် တယ်လီဖုန်းတစ်လုံး သင့်လက်ထဲ ရောက်လာခဲ့ရင် ဘာတွေပြောင်းလဲပစ်မလဲ📺

အညွှန်းဖတ်ရန်
🔽⬇️
၁၉၇၅ ခုနှစ်မှာ သိပ္ပံပညာရှင် Chiranjeevi (Selvaraghavan) က အတိတ်ကလူတွေဆီ ဖုန်းခေါ်ပြီး ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် ထူးဆန်းတဲ့ တယ်လီဖုန်းတစ်လုံးကို တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသေခင်မှာ အဲဒီဖုန်းဟာ နာမည်ကြီး လူမိုက်ဂိုဏ်းစတား Antony (Vishal) ရဲ့ လက်ထဲကို ရောက်သွားခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာပြီးနောက် ၁၉၉၅ ခုနှစ်မှာတော့ Antony ရဲ့ သားဖြစ်သူ ကားဝပ်ရှော့ဆရာလေး Mark (Vishal) က သူ့အဖေကို လူဆိုးကြီးလို့ပဲ ထင်မှတ်ပြီး မုန်းတီးနေသူပါ။ တစ်နေ့မှာ မထင်မှတ်ဘဲ အဲဒီ အချိန်ခရီးသွားဖုန်းက Mark ရဲ့ လက်ထဲကို ပြန်ရောက်လာတဲ့အခါ...
အတိတ်က အမေဖြစ်သူရဲ့ သေဆုံးမှုကို ကယ်တင်ဖို့ ကြိုးစားရင်း သူ့အဖေ Antony ရဲ့ အမှန်တရားကို သိလိုက်ရတဲ့အခါမှာတော့ အတိတ်နဲ့ ပစ္စုပ္ပန်ကြားက ရှုပ်ထွေးမှုတွေ စတင်ပါတော့တယ်။ တစ်ဖက်မှာလည်း အဖေ့ရဲ့ အခင်ဆုံးသူငယ်ချင်းကနေ ရန်သူဖြစ်သွားတဲ့ Jackie Pandian (S. J. Suryah) နဲ့ သူ့သား Madhan တို့ကပါ ဒီဖုန်းရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး အတိတ်ကို သူတို့စိတ်ကြိုက် ပြင်ဆင်ဖို့ လုယက်ကြတဲ့အခါ...
မင်းသားကြီး Vishal နဲ့ S. J. Suryah တို့နှစ်ယောက်လုံး သားအဖနှစ်ကိုယ်ခွဲအဖြစ် အပြိုင်အဆိုင် ကြမ်းထား၊ ရမ်းထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အထူးသဖြင့် S. J. Suryah ရဲ့ အိုဗာအက်တင် ဟာသတွေနဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ခန်းတွေက ဇာတ်ကားတစ်ကားလုံးကို ပျင်းရိချိန်မရှိအောင် ဆွဲခေါ်သွားမှာပါ။ Time-Travel ဇာတ်လမ်းကိုမှ လူမိုက်ဂိုဏ်းစတားအထာနဲ့ အူတက်အောင် ရယ်ရမယ့် ခပ်မိုက်မိုက် ကားမျိုး ကြည့်ချင်သူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/ItsbetterToBe/6366

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment