ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကူထွက်လာသည့် စစ်ကောင်စီကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကူထွက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်MTO ၊ 008မဇ္ဈိမ။ ။ရန်ကုန်-မန္တလေးအမြန်လမ်း မိတ္ထီလာ-မန္တလေးလမ်းပိုင်းတနေရာတွင် စစ်ကောင်စီတပ်ဖွဲ့၏ ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစီးထိမှန်ပျက်စီးပြီး ငါးဦးသေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄) Natogyi People Defence Force (NPDF) တာဝန်ရှိသူကပြောသည်။ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မိတ္ထီလာဘက်မှ မန္တလေးဘက်သို့ စစ်ကူသွားနေသည့် အင်အား ၅၀ ကျော်ပါ စစ်ကားနှစ်စီးအနက် ဒုတိယမြောက်အစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မိုင်းဆွဲခံရတဲ့စစ်ကားကတော့ ပျက်စီးပြီး ထိုးရပ်သွားတယ်။‌ ဒဏ်ရာရတဲ့စာရင်းတော့ အတိအကျမသိရ သေးဘူး။ နေရာမှာသေတာတော့ ငါးယောက်။ မြေပြင်အဖွဲ့တွေအဆိုရတော့ ဒဏ်ရာရတဲ့သူလည်းများ တယ်” ဟု NPDF တာဝန်ရှိသူက ပြောသည်။သေဆုံးထိခိုက်ဒဏ်ရာရသူများကို အမြန်လမ်းပေါ်သွားလာနေသည့် လိုက်ထရပ်တစီးနှင့် ခွေးဘီလူးတစီး ကိုချောဆွဲပြီး မိတ္ထီလာဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း မြင်းခြံ မြေပြင်ကင်းထောက်အဖွဲ့ကဆိုသည်။ ပျက်စီး သွားသည့် စစ်ကားကို ယနေ့(ဇူလိုင်လ ၂၂ ရက်) နံနက် ၉ နာရီခန့်က ကရိန်းကားဖြင့် လာဆွဲသွားကြောင်း သိရသည်။“ကားကထိုးရပ်ပြီး ပျက်စီးသွားတယ်။ လမ်းပေါ်မှာရှိတဲ့ကားတွေကိုချောဆွဲပြီး မိတ္ထီလာဆေးရုံပို့တယ် ကြားတယ်။ လမ်းသွားလမ်းလာတွေပြောတာတော့ အထိအခိုက်များတယ်လို့ သိရတယ်” ဟု ၎င်းက ဆို သည်။တိုက်ခိုက်ခံရမှုမှ လွတ်သွားသည့်စစ်ကားမှာ ပြန်လှည့်ပြီးကူညီခြင်းမရှိဘဲ မန္တလေးဘက်သို့ မောင်းပြေး သွားကြောင်း ကင်းထောက်အဖွဲ့က ဆိုသည်။“လွတ်သွားတဲ့ကားက ပြန်ကိုလှည့်မကြည့်တာ၊ မန္တလေးဘက်မောင်းပြေးသွားတယ်” ဟု ကင်းထောက် အဖွဲ့ဝင်တဦးက ပြောသည်။လတ်တလောတွင် တိုက်ခိုက်ခံထားရသည့်နေရာအနီး အမြန်လမ်းဘေး ဝဲယာကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး စစ်ဆေးမှုများပြုလုပ်နေပြီး မလှိုင်လမ်းပိုင်းနှင့် မြင်းခြံလမ်းပိုင်း အတက်အဆင်းကားများကို အဓိက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။စစ်ကောင်စီသည် မန္တလေးမြို့သို့ အင်အားဖြည့်တင်းနေခြင်းဖြစ်ပြီး ယခု ယာဉ်နှစ်စီးသည်လည်း မိတ္ထီလာ မြို့မှ မန္တလေးမြို့သို့ စစ်ကူပို့နေသည့်ယာဉ်များဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၄)တာဝန်ရှိသူက ဆို သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည့် မန္တလေးမြို့နှင့်အနီးကပ်ဆုံးမြို့များဖြစ်သည့် စဉ့်ကူးနှင့် မတ္တရာမြို့ တို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီသည် မန္တလေးမြို့ကို ခံစစ်အတွက် ပြင်ဆင်မှုများပြု လုပ်နေကြောင်း သိရသည်။စာတည်း။ ။စောဖေ#ရန်ကုန်-မန္တလေးအမြန်လမ်း#မြင်းခြံခရိုင်တပ်ရင်း(၄)#NPDFVideo Link >> https://youtu.be/vlFblBxuLfg-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/P8Z6py2
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FvlFblBxuLfg&h=AT0yQC5eG_f48G4YNrgZUfger6txYmifUNSK8OHhzsSO8Wd3iaX7LxmRJbmC-ZCQJm4xk1nSU1O49fPXTCo2ecvzUuZ9Hn-7x4_pCYpbx73HWBLitLB0N9cBcc6HTxzo&s=1

Comments

Be the first to add a comment