အဖေကစကားမပြောတတ်ပေမဲ့
သမီးကိုကမ္ဘာပေါ်မှာအချစ်ဆုံးပဲ
📺

အညွှန်းဖတ်ရန်
⬇️🔽
စကားမပြောတတ်ပေမဲ့ သမီးဖြစ်သူအပေါ် ထားတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားက ဘယ်လောက်အထိ နက်ရှိုင်းနိုင်မလဲဆိုတာကို ရင်နင့်ဖွယ် ရိုက်ကူးပြသထားတဲ့ ၂၀၂၅ ထွက် တရုတ်မိသားစု ဒရာမာဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ မင်းသားချော Lay Zhang က ဒီဇာတ်ကားထဲမှာ အကြားအာရုံနဲ့ စကားပြောစွမ်းရည် ချို့တဲ့နေတဲ့ ဖခင်တစ်ဦးအဖြစ် သဘာဝကျကျ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းလေးကတော့ ရှောင်မာ (Lay Zhang) ဆိုတဲ့ ဆွံ့အနားမကြား ဖခင်တစ်ယောက်နဲ့ သူ့ရဲ့ ၇ နှစ်အရွယ် သမီးလေး မူမူ (Li Luoan) တို့ရဲ့ ဘဝကို အခြေခံထားပါတယ်။ ရှောင်မာဟာ သူ့လိုပဲ အကြားအာရုံချို့တဲ့သူတွေ စုဝေးနေထိုင်တဲ့ အသိုက်အဝန်းလေးမှာ သမီးလေးကို အပြုံးမပျက် ပျော်ရွှင်စွာ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးနေသူပါ။ မူမူလေးကတော့ လူကောင်းပကတိအတိုင်း စကားပြောနိုင်၊ ကြားနိုင်ပေမဲ့ ဖခင်ဖြစ်သူနဲ့ ပတ်ဝန်းကျင်အပေါ် သံယောဇဉ်ကြီးလွန်းတာကြောင့် အသံထွက်စကားပြောဖို့ထက် လက်ဟန်ခြေဟန် (Sign Language) နဲ့သာ ဆက်သွယ်ပြီး ဖခင်ရဲ့ အားကိုးရာ စကားပြန်လေးအဖြစ် နေထိုင်နေခဲ့ပါတယ်။
ဒါပေမဲ့ သူတို့သားအဖရဲ့ အေးချမ်းတဲ့ဘဝလေးဟာ ကွာရှင်းထားတဲ့ မိခင်ဖြစ်သူ ရှောင်ကျင့် (Huang Yao) ပြန်ပေါ်လာချိန်မှာတော့ အပြောင်းအလဲကြီး ဖြစ်သွားခဲ့ပါတယ်။ သမီးလေးကို သာမန်လူတွေကြားမှာ ကျောင်းထားပြီး ပုံမှန်ဘဝနဲ့ ကြီးပြင်းစေချင်တဲ့ မိခင်ဖြစ်သူက မူမူ့ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားလာတဲ့အခါ...
သမီးလေးကို လက်မလွှတ်ချင်တဲ့ ဖခင် ရှောင်မာတစ်ယောက် သမီးလေးကို လုံလောက်တဲ့ဘဝပေးနိုင်ကြောင်း သက်သေပြဖို့ ငွေရှာရင်း မသမာသူ လူဆိုးဂိုဏ်းတစ်ခုရဲ့ အသုံးချမှုခံရပြီး ရာဇဝတ်မှုထောင်ချောက်ထဲ ကျရောက်သွားတဲ့အခါမှာတော့...

ကြည့်ရန်🔽⬇️
https://t.me/c/2152604317/5231

ချန်နယ်အရင်Joinပါ
⬇️🔽
https://t.me/+yA9che_2qt81Yzdl

Comments

Be the first to add a comment