တရုတ်အစိုးရ၏အစီအစဉ်များသည် ရေတိုအတွက်သာမကာ ပြည်တွင်းသုံးစွဲသူများအတွက် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ရေရှည်မဟာဗျူဟာ၏ အစိတ်အပိုင်းတရပ်လည်းဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လတွင် ပြောကြားခဲ့သည်။ သို့သော် ပြည်တွင်းဈေးကွက်သည် ရောင်းချရန် အင်မတန်ခက်ခဲကြောင်း ပို့ကုန်လုပ်ငန်းရှင်များက သတိပေးထားသည်။
“ပြည်ပတင်ပို့ရန် ထုတ်လုပ်ထားသည့် စက်ဘီးများသည် အရည်အသွေးမြင့်မားပြီး ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားကြောင်း၊ အရှုံးခံပြီး ရောင်းချလျှင်ပင် တရုတ်ပြည်သူအများစုအတွက် ဈေးကြီးလွန်းနေသေးကြောင်း” လီက ပြောကြားခဲ့သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2025/04/27/54537