Mizzima
တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး
မောင်ခက်နွေ
မဇ္ဈိမ ။ ။ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး စစ်သုံးယာဉ်တစီး ပျက်စီးသွားကြောင်း PLA က ယနေ့ (မတ်လ ၁၅ ရက်) တွင် သတင်းထုတ်ပြန်သည်။
ဆိတ္ထိန်းရွာမှ အေးရွာဘက်သို့ ထွက်ခွာလာသော ကားသုံးစီးပါ စစ်ကော်မရှင် ယာဉ်တန်းကို PLA ရဲဘော်များက ယမန်နေ့ ( မတ်လ ၁၄ ရက် ) ညနေ ၆ နာရီခန့်တွင် အငိုက်ဖမ်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ ရဲဘော်တွေဘက်က တယောက်ပေါ့နော်။ မစိုးရိမ်ရတဲ့ ဒဏ်ရာရတာပဲရှိပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက မဇ္ဈိမကိုပြောသည်။
တိုက်ပွဲဖြစ်ပွားရာနေရာ၌ပင် စစ်ကော်မရှင်တပ်သား ရှစ်ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း ၎င်းပြောသည်။ နောက်ဆက်တွဲရရှိသည့် အတည်ပြုချက်များအရ စုစုပေါင်း…
Comments
Be the first to add a comment