ဒဏ်ရာရနေသည့် ဂျာမန်သိုးထိန်းခွေးနားတွင် တခြားခွေးများက ကပ်လိုက်နေပြီး ခဏခဏ လှည့်ကြည့်နေခြင်းမှာ ဒဏ်ရာရအဖွဲ့ဝင်ကို ကာကွယ်ပေးနေခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက ဆိုကြသည်။

တချို့ကလည်း ရှေ့ကနေ ဦးဆောင်နေသည့် ကော့ဂီလေးကို သဘောကျနေကြသည်။ မည်သူမျှ ကျန်မနေခဲ့အောင် နောက်ကို လှည့်ကြည့်ပြီး ဦးဆောင်နေသည့် သတ္တိရှိသည့် ခေါင်းဆောင်လေးအဖြစ် မြင်နေကြခြင်းဖြစ်သည်။

သို့သော် အမှန်တရားမှာ အဆိုပါအချက်များလောက် ရင်ခုန်စရာ မကောင်းလှပေ။

အဆိုပါခွေးအားလုံးမှာ အဝေးပြေးလမ်းနှင့် ကီလိုမီတာ အနည်းငယ်အကွာရှိ ရွာသားများ၏ ခွေးများသာ ဖြစ်ကြောင်း တရုတ်အစိုးရပိုင် City Evening News ၏ စုံစမ်းဖော်ပြခဲ့သည်။ ဂျာမန်သိုးထိန်းခွေးမလေးမှာ ရာသီလာချိန် ဖြစ်နေခြင်းကြောင့် တခြားခွေးများက နောက်မှ လိုက်ပါနေခြင်းဖြစ်ကြောင်း ပိုင်ရှင်များက ပြောကြားသည်။

အဆိုပါကျေးရွာရှိ ခွေးအများစုမှာ လွှတ်ကျောင်းထားသည့် ခွေးများဖြစ်ပြီး မိတ်လိုက်ရာသီအတွင်း တရက်၊ နှစ်ရက်ခန့် ပျောက်ဆုံးသွားတတ်ခြင်းမှာ ထုံးစံပင်ဖြစ်ကြောင်း Cover News က ဖော်ပြခဲ့သည်။ ယခုအခါ အဆိုပါ ခွေးခုနစ်ကောင်လုံး နေအိမ်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ…

Comments

Be the first to add a comment