ဗီဒီယိုဖိုင်တွင် ခွေးအုပ်စုသည် သတိကြီးစွာဖြင့် သွားနေကြပြီး ခွေးအချို့က ဒဏ်ရာရထားသည့် ဂျာမန်သိုးထိန်း (German Shepherd) ခွေးကြီး၏ အနီးနား ကပ်၍ သွားနေသည် တွေ့ရသည်။ ကော်ဂီ (Corgi) ခွေးလေးတကောင်က အုပ်စုကို ဦးဆောင်နေပုံရပြီး ကျန်ခွေးများကို ခဏခဏ နောက်လှည့်ကြည့်နေခဲ့သည်။

ထိုခွေးများသည် ရွာတရွာတည်းမှဖြစ်ပြီး အတူတကွ သွားလာ နေထိုင်လေ့ရှိကြသဖြင့် သံယောဇဉ်ကြီးမားကြသူများဖြစ်ကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ Bitter Coffee Stray Dog Base မှ စေတနာ့ဝန်ထမ်းများက ပြောသည်။

ပိုင်ရှင်တဦးက ၎င်း၏ ပျောက်ဆုံးနေသော ဂျာမန်သိုးထိန်းခွေးနှင့် ဂိုးလ်ဒန်းရက်ထရီဗာ (Golden Retriever) တို့ ပြန်လည်ရောက်ရှိလာသဖြင့် စိတ်သက်သာရာရကြောင်းနှင့် ထိုသို့သော ကံကြမ္မာဆိုးမှ လွတ်မြောက်လာခြင်းမှာ အလွန်ကံကောင်းခြင်းဖြစ်ကြောင်း ပြောသည်။ အခြားပိုင်ရှင်တဦးကလည်း ၎င်း၏ ကော်ဂီခွေးလေးမှာ အလွန်ထက်မြက်ပြီး အိမ်ပြန်လမ်းကို ကောင်းကောင်းမှတ်မိတတ်သူဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်
#ခွေးသား
#ကုန်သည်များ
#ထွက်ပြေးလွတ်မြောက်လာ
#ခွေး_၇ကောင်
…

Comments

Be the first to add a comment