ဒေသတွင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၁၅ ချက်ပါ အစီအစဉ်တရပ်ကို အီရန်ထံသို့ အမေရိကန်က ပေးပို့ထားသည်ဟု The New York Times သတင်းက ဖော်ပြသည်။
တချိန်တည်းတွင် ပါကစ္စတန်နိုင်ငံက အီရန်စစ်ပွဲ အဆုံးသတ်ရေးအတွက် ညှိနှိုင်းမှုများတွင် ကြားဝင်စေ့စပ်ပေးမည်ဟု ကမ်းလှမ်းလာသည်ကို သမ္မတ ထရမ့်ဘက်က ထောက်ခံသည့်ပုံစံ ပြသလာကြာင်း The New York Times သတင်းက ဆိုသည်။