အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် စနေနေ့က ပြုလုပ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ၁၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီး "အလွန်အကျိုးရှိ" ခဲ့ကြောင်း အမေရိကန်အရာရှိတဦးက ပြောကြားသည်။ ၎င်းတို့ နှစ်ဦးသည် စနေနေ့နှောင်းပိုင်းတွင် ဒုတိယအကြိမ် တွေ့ဆုံကြမည် ဖြစ်သည်။

အိမ်ဖြူတော် ဆက်သွယ်ရေးညွှန်ကြားရေးမှူး စတီဗင် ချောင်က သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဇယ်လန်းစကီးတို့ တွေ့ဆုံမှု ကို အတည်ပြုခဲ့ပြီး "အလွန်အကျိုးဖြစ်ထွန်းသော ဆွေးနွေးမှု" ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားသည်။ Read more: https://bur.mizzima.com/2025/04/26/54467

Comments

Be the first to add a comment