ထာဝရအသက်ကိုလိုက်လံခိုးယူခြင်း⭐️

အညွှန်းဖတ်ရန်
⬇️⬇️
ဇာတ်လမ်းကတော့ စိတ်ဝမ်းကွဲပြီး အဆက်အသွယ်ပြတ်နေတဲ့ မောင်နှမနှစ်ယောက်ဖြစ်တဲ့ လုခ် နဲ့ ရှာလော့တ် တို့ကို အခြေခံထားတာပါ။ လုခ်က နာမည်ပျက်နေတဲ့ ရှေးဟောင်းသုတေသနပညာရှင် (တစ်နည်းအားဖြင့် ရတနာသူခိုး) ဖြစ်ပြီး၊ ရှာလော့တ်ကတော့ လန်ဒန်ပြတိုက်တစ်ခုက သမိုင်းပညာရှင်တစ်ဦး ဖြစ်ပါတယ်။
တစ်နေ့မှာတော့ လုခ်ဟာ သူတို့ရဲ့ကွယ်လွန်သူဖခင်ကြီး ချန်ထားခဲ့တဲ့ သမိုင်းဝင်လျှို့ဝှက်ချက်တွေကို ဆက်ခံပြီး သမိုင်းတစ်လျှောက် လူသားတွေ အလိုချင်ဆုံးဖြစ်တဲ့ "ထာဝရပျိုမြစ်ခြင်းရေတွင်း" ကို ရှာဖွေဖို့ ကြိုးပမ်းပါတော့တယ်။ ဒီလိုရှာဖွေဖို့အတွက် သမိုင်းကြောင်းနဲ့ ပန်းချီကားချပ်တွေထဲက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ သူ့ရဲ့ဉာဏ်ကောင်းတဲ့ ညီမဖြစ်သူ ရှာလော့တ်ကို လှည့်စားပြီး အဖွဲ့ထဲ ဆွဲသွင်းခဲ့ပါတယ်။
သူတို့မောင်နှမတစ်စုဟာ ကင်ဆာနောက်ဆုံးအဆင့် ခံစားနေရပြီး ထာဝရအသက်ကို လိုချင်နေတဲ့ သူဌေးကြီး အိုဝင် ကာဗာ ရဲ့ ငွေကြေးပံ့ပိုးမှုနဲ့အတူ ကမ္ဘာအနှံ့ လှည့်လည်ပြီး သဲလွန်စတွေကို လိုက်လံခိုးယူ ဖော်ထုတ်ကြရပါတယ်။ ဒါပေမဲ့ သူတို့နောက်ကို ကမ္ဘာ့ရဲတပ်ဖွဲ့ (Interpol) တင်မကဘဲ ရေတွင်းရဲ့ လျှို့ဝှက်ချက်ကို လူသားတွေလက်ထဲမရောက်အောင် ကာကွယ်နေတဲ့ လျှို့ဝှက်အဖွဲ့အစည်းက "အက်စ်မေး" နဲ့ ထိုင်းလူမိုက်ဂိုဏ်းတွေကပါ တစ်ပြိုင်နက် လိုက်လံနှောင့်ယှက် တိုက်ခိုက်လာတဲ့အခါမှာတော့...။

ကြည့်ရန်⬇️🔽
https://t.me/NaytoeCar/4745

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

2 comments

Hnin Hnin
ဟု