မဇ္ဈိမ ။ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း ဒေသတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မတ်လ ၂ ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မတ် ၄ ရက်) တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား စစ်ပွဲကြောင့် အမေရိကန်တပ်စခန်းများရှိရာ အရှေ့အလယ်ပိုင်းနိုင်ငံများ၌ လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေစဉ် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ Read more:
https://bur.mizzima.com/2026/03/04/83765