စက်သုံးဆီ သုံးစွဲမှု လျှော့ချရေး ဝန်ထမ်းများ ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အလုပ်လုပ်ရန် စစ်ကော်မရှင် ညွှန်ကြား

001

မဇ္ဈိမ။ ။ စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအနေဖြင့် ရုံးမတက်ဘဲ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ကြရန် စစ်ကော်မရှင်က ယနေ့ (မတ် ၂၂ ရက် ) ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ အစီအစဉ်ကို လာမည့် မတ်လ ၂၅ ရက်မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်သွားကြရန် သတ်မှတ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

“ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီ ချွေတာရန်ဖြစ်သည့် အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှု မပြုကြရန်ဖြစ်ပါသည်” ဟု စစ်ကော်မရှင်က ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့ပြင် ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း စစ်ကော်မရှင်လက်အောက်ခံ ရုံးဌာနများနည်းတူ နေအိမ်မှ အလုပ်လုပ်ခြင်း (Work from Home) ကဲ့သို့ လုပ်ဆောင်မှုမျိုး အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဟုလည်း ဖော်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် အတူ စစ်ကော်မရှင်လက်အောက်ခံ…

Comments

Be the first to add a comment