UFC 313 ရဲ့ ဖလိုင်းဝိတ်တန်းပွဲစဉ်မှာ ချင်းတိုင်းရင်းသား မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်က ပြိုင်ဘက် ဂျပန်နိုင်ငံသား ရီးဆုရုယကို အမှတ်ပေးဒိုင်လူကြီး သုံးဦးရဲ့ Unanimous Decision နဲ့ အနိုင်ရခဲ့ပါတယ်။ ဒိုင်လူကြီး သုံးဦးစလုံးက ဗန်ကို ၃၀-၂၇၊ ၃၀-၂၇၊ ၃၀-၂၇ မှတ်နဲ့ အနိုင်ပေးခဲ့တာပါ။ အသက် ၂၃ နှစ် ဗန် အနေနဲ့ UFC မှာ ခုနစ်ပွဲထိုးသတ်ရာ ခြောက်ပွဲနိုင်၊ တပွဲရှုံးမှတ်တမ်း ရရှိထားပါတယ်။ အသက် ၂၂ နှစ် ဆုရုယကတော့ သူ့ရဲ့ ကြေးစားဘဝမှာ ပထမဆုံးရှုံးပွဲကြုံသွားခဲ့တာပါ။ Photo: UFC

Comments

Be the first to add a comment