"မိုဂျ်တာဘာ ခါမေနီ ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းကို ကျွန်တော် ကြားခဲ့ရပါတယ်။ ဒါကြောင့် အဆက်အသွယ်ရှိတဲ့ မိတ်ဆွေအချို့ကို ကျွန်တော် မေးကြည့်ခဲ့ပါတယ်။ တော်သေးတယ် သူ ဘေးကင်းပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့ သူတို့က ကျွန်တော့်ကို ပြောပြပါတယ်" ဟု သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၏ သားလည်းဖြစ်၊ အစိုးရအကြံပေးတဦးလည်းဖြစ်သူ ယူဆက်ဖ် ပီဇက်ရှ်ကီယန်က ၎င်း၏ တယ်လီဂရန်ချန်နယ်တွင် ရေးသားခဲ့သည်။

နိုင်ငံပိုင်ရုပ်သံက ခါမေနီအား "ရာမာဒန်စစ်ပွဲ၏ ဒဏ်ရာရစစ်ပြန်" ဟု သုံးနှုန်းခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ မိုဂျ်တာဘာသည် "ခြေထောက်အပါအဝင် ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိထားသော်လည်း သတိရှိနေပြီး ဆက်သွယ်ရေးကန့်သတ်ထားသည့် အလွန်လုံခြုံသော နေရာတခုတွင် ရှိနေသည်" ဟု New York Times က အီရန်အရာရှိ သုံးဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်၊ စစ်ပွဲပထမဆုံးနေ့က တီဟီရန်မြို့ရှိ ဝင်းတခုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် မိုဂျ်တာဘာ၏ ဖခင် ခါမေနီ၊ မိခင်နှင့် ဇနီးဖြစ်သူတို့ သေဆုံးခဲ့စဉ်က မိုဂျ်တာဘာပါ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84655

Comments

Be the first to add a comment