အဆိုပါသုတေသနအတွက် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ် စသည့်ခြောက်နိုင်ငံမှ အမျိုးသား၊ အမျိုးသမီး ၄၂,၀၀၀ ကျော်ကို မေးမြန်း၍ ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် အလုပ်လုပ်ကိုင်ရခြင်း၏ တွန်းအားများ၊ အဟန့်အတားများနှင့် ကောင်းကျိုးများကို ဆန်းစစ်ခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှတလွှားရှိ အမျိုးသမီးပေါင်း သန်း ၄၀ ကျော်သည် အငှားယာဉ်နှင့် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်နိုင်သည့် အလားအလာရှိပြီး တန်ဖိုးရှိသော စီးပွားရေးအရင်းအမြစ်များ ဖြစ်လာနိုင်သည်ဟုဆိုသည်။ အမျိုးသမီးယာဉ်မောင်းများသည် အမျိုးသားများထက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်လေ့ရှိပြီး Rating ပိုများကာ Tip (မုန့်ဖိုး) ပိုရတတ်ကြောင်း Grab ၏ အချက်အလက်များက ဆိုသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စီးပွားရေး
#အမျိုးသမီးယာဉ်မောင်းများ
#အရှေ့တောင်အာရှ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment