Mizzima
‘အသက်ဘေးလုံခြုံရေး’အတွက် အမေရိကန်ကို မလာဖို့ အီရန်ကမ္ဘာ့ဖလားအသင်းကို ထရန့် သတိပေး
NBC News
သမ္မတ ဒေါ်နယ်ထရန့်က လာမယ့် ဇွန်လအတွင်း ကျင်းပမယ့် ကမ္ဘာဖလားပြိုင်ပွဲအတွက် အမေရိကန်မြေကို အီရန်ဘောလုံးအသင်း လာရောက်ယှဉ်ပြိုင်ပါက အသင်းသားတွေရဲ့ လုံခြုံရေးကို အာမမခံနိုင်ကြောင်း ကြာသပတေးနေ့မှာ အကြံပြုခဲ့ပါတယ်။
“အီရန်အမျိုးသားဘောလုံးအသင်းကို ကမ္ဘာ့ဖလားမှာ ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက်ဆိုရင် အဲဒီနေရာမှာ ရှိနေဖို့က မသင့်တော်ဘူးလို့ ကျွန်တော် တကယ်ပဲ ယုံကြည်ပါတယ်။”လို့ သူက Truth Social မှာ ရေးသားခဲ့ပါတယ်။
အီရန်အသင်းဟာ ဇွန်လမှာ အမေရိကန်မြေပေါ်မှာ အဖွင့်အုပ်စုပွဲစဉ် သုံးပွဲကစားဖို့ စီစဉ်ထားပြီး၊ လော့စ်အိန်ဂျလိစ်မြို့မှာ နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နဲ့လည်းကောင်း၊ ဆီယက်တဲလ်မြို့မှာ အီဂျစ်အသင်းနဲ့လည်းကောင်း ယှဉ်ပြိုင်ရမှာပါ။
ဒါပေမဲ့ နိုင်ငံ့ဦးသျှောင် အယာတိုလာ အလီ ခါမေနီနဲ့ နဲ့ အခြားအဆင့်မြင့်အရာရှိတွေ အသတ်ခံခဲ့ရတဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲကြောင့် အီရန်အသင်း ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ကြောင်း အီရန်အားကစားဝန်ကြီး အာမက် ဒွန်ယာမာလီက…
Comments
Be the first to add a comment