သရုပ်ဆောင် မင်းအုပ်စိုးကို လက်နက်ပုဒ်မဖြင့် အမှုဖွင့်

ရောင်နီ

မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်တပ်အား ထောက်ခံသူအဖြစ် ကြွေးကြော်ထားသည့် သရုပ်ဆောင်မင်းအုပ်စိုးကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကော်မရှင်က ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဒလ - တွံတေး ကားလမ်းမပေါ်ရှိ ဘုရားငုတ်တို X-Ray ပူးပေါင်းစစ်ဆေးရေးဂိတ်ကို သရုပ်ဆောင် မင်းအုပ်စိုးက ၎င်းကိုယ်တိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် ဖြတ်သန်းစဉ် မတ်လ ၉ ရက်နေ့ နံနက် ၁၀ ဝန်းကျင်
အချိန်၌ ဖမ်းဆီးခံရခြင်းဟု ဆိုသည်။

“ ဒလကနေ တွံတေးလာတဲ့ လမ်းက စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတဲ့အချိန် သေနတ်တွေ့လို့ ဖမ်းဆီးခံထားရတာပါ။ လက်ရှိတွံတေးရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်ဆိုပြီး သိရပါတယ်” ဟု တွံတေး ဒေသတွင်း သတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၁ ရက်)မွန်းလွဲပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တွံတေးမြို့ကို သွားရောက်ရန် ဒလ-တွံတေးကားလမ်းမပေါ်ရှိ ဘုရားငုတ်တိုစစ်ဆေးရေးဂိတ်သို့ အောင်နိုင်ထွန်း (ခေါ်) မင်းအုပ်စိုး မောင်းနှင်လာသည့်…

Comments

Be the first to add a comment