Mizzima
ထိုင်ဝမ်ကို ကိုယ်ပိုင်သမိုင်းရှိသော ဒေသနှင့် လူမျိုးအဖြစ် မဟုတ်ဘဲ မရပ်မနား စီးဆင်းနေသော တရုတ် အမျိုးသား ဇာတ်လမ်းကြီး၏ အခန်းကဏ္ဍတခုအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။
တသွေးတည်း တသားတည်းဆိုသော တရုတ်၏ ပြောဆိုချက်များက ထိုင်ဝမ်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအရ ဩဇာရှိနေဆဲဖြစ်သော လူကြီးပိုင်းမျိုးဆက်များကြားတွင်မူ သက်ရောက်မှု ရှိနေနိုင်သေးသည်။
နိုင်ငံရေးနှင့် မပတ်သက်သယောင် ထင်ရသော်လည်း "ထိုင်ဝမ်၏ ထူးခြားဝိသေသများက အပေါ်ယံမျှသာဖြစ်ပြီး နက်ရှိုင်းသော တရုတ်အနှစ်သာရပေါ်တွင် ဖုံးအုပ်ထားခြင်းဖြစ်သည်" ဟူသော အဓိက သတင်းစကားကို ရိုက်သွင်းနေခြင်းပဲ ဖြစ်သည်။
တရုတ်၏ ဝါဒဖြန့်မှုအတွင်း ထိုင်ဝမ်သည် ယဉ်ကျေးမှုအရ တစည်းတလုံးတည်း ရှိပြီး သမိုင်းကြောင်းအရ ဆက်စပ်နေသည်ဟု ထပ်ခါတလဲလဲ ထည့်သွင်းသရုပ်ဖော်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ အမြင်ကို တဖြည်းဖြည်းချင်း ပုံဖော်သွားနိုင်သည်။
♦
ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ထိုင်ဝမ်
#တရုတ်
#ဝါဒဖြန့်ဗျူဟာခင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment