တော်လှန်ရေးအင်အားစုအချင်းချင်း လက်နက်ဖြင့်ဖြေရှင်းနေမှုများ ရပ်တန့်ပြီး ‘တပ်ပေါင်းစု’ တရပ် အမြန်ဆုံးဖွဲ့ရန် အဖွဲ့ ၄၀ ကျော် တောင်းဆို

မောင်ခက်နွေ

မဇ္ဈိမ ။ ။ နွေဦးတော်လှန်ရေး ရေချိန်မြင့်တက်လာချိန်တွင် တော်လှန်ရေးအင်အားစုအချင်းချင်းကြား ဖြစ်ပေါ်လာသည့် ပဋိပက္ခများကို လက်နက်ဖြင့် မဖြေရှင်းကြဘဲ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော ‘တပ်ပေါင်းစု’ တရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အရပ်ဘက်နှင့် တော်လှန်ရေးအဖွဲ့အစည်း ၄၅ ဖွဲ့က ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်သည်။

ယမန်နေ့(မတ်လ ၁၀) တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး ဟူသော ဘုံရည်မှန်းချက်ထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ မဟာမိတ်အချင်းချင်း ရန်သူသဖွယ် သဘောထားလာကြခြင်း၊ ပြည်သူလူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်လာခြင်း စသည့် ရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်များ ပိုမိုများပြားလာသည့်အပေါ် ယခုလို ပြင်းပြင်းထန်ထန် သတိပေးရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုသည့် အခြေခံသဘောတရားနှင့် ဆန့်ကျင်ကာ အချင်းချင်း စစ်ရေးအရ တိုက်ခိုက်မှုများ၊…

Comments

Be the first to add a comment