Mizzima
မိုဂျ်တာဘာ ခါမေနီသည် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် လုပ်ကြံခံခဲ့ရသည့် ဖခင် အယာတိုလာ အလီ ခါမေနီ၏နေရာတွင် ဆက်ခံခဲ့ပြီး သုံးရက်အကြာအထိ ၎င်းကို ရုပ်သံများတွင်သော်လည်းကောင်း၊ လူမြင်ကွင်းတွင် သော်လည်း ကောင်း မတွေ့ရသေးသလို စာဖြင့်ရေးသားထုတ်ပြန်သည့် ထုတ်ပြန်ချက်မျိုးလည်း မရှိသေးပေ။
အကြောင်းရင်းတခုမှာ ဆက်သွယ်ပြောဆိုမှုတခုခုက ၎င်းရှိနေသည့် နေရာကို သိရှိသွားစေနိုင်ပြီး အန္တရာယ် ကျရောက်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်သည်ဟု အမည်မဖော်လိုသည့် အီရန်အရာရှိသုံးဦးက ပြောသည်။
သို့သော် နောက်ထပ် အကြောင်းအချက်တချက်ကတော့ အသက် ၅၆ နှစ်ရှိ မိုဂျ်တာဘာ ခါမေနီသည် အစ္စရေးနှင့် အမေရိကန်တို့က အီရန်အပေါ် တိုက်ခိုက်မှု စတင်သည့်နေ့ကတည်းက ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
♦
သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#ခေါင်းဆောင်သစ်
#စစ်ပွဲအစောပိုင်း
#ကာလအတွင်း
#ဒဏ်ရာရခဲ့
#အစ္စရေး
#အရာရှိများပြော
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
Comments
Be the first to add a comment