Mizzima
"Injection Program for Investigative Journalism"
Investigative Journalists များ ခေါ်ယူခြင်း
စက်တင်ဘာလ (၁၅) ရက်၊ ၂၀၂၃
Mizzima Media Group အနေဖြင့် Injection Program for Investigative Journalism (IPIJ) အစီအစဥ်တစ်ခုကို အကောင်အထည်ဖေါ်ရန် ရှိသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာများတွင် အရည်အသွေးရှိသော investigative stories များ ထွက်ရှိလာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ဤအစီအစဥ်အတွက် စုစုပေါင်း သတင်းထောက် ရှစ်ဦး ရွေးချယ်မည်။ ဤအစီအစဥ်အတွက်သာ ပုတ်ပြတ်ရွေးချယ်ခြင်းဖြစ်သည်။
ရွေးချယ်ခံရသော သတင်းထောက်အနေဖြင့် လေးလခန့် အချိန်ယူ၍ investigative story များရေးသားရမည်။ ထုတ် လုပ်နိုင်သည့် content အမျိုးအစားမှာ text ၊ audio နှင့် video တစ်မျိုးမျိုး ဖြစ်နိုင်သည်။ Text အမျိုးအစား ဖြစ်ပါက story ကို ကူညီပေးမည့် graphic နှင့် data များ အလျဥ်းသင့်သလို ထည့်သွင်းဖေါ်ပြရန်လိုသည်။ Text နှင့် audio အမျိုးအစား story ရေးသား ထုတ်လုပ်သူများအနေဖြင့် မိမိရေးသားထုတ်လုပ်မည့် အကြောင်းအရာထဲမှ story တစ် ပုဒ်ထက် ပိုမိုထုတ်လုပ်ရန်အကြံပြုသည်။ video အမျိုးအစားဖြစ်ပါက မိနစ် ၃၀ slot အတွက် story တစ်ခု ထုတ် လုပ်ရန်ဖြစ်သည်။
Investigative story ထုတ်လုပ်ရန် လိုအပ်သော အရည် အချင်း (skill) နှင့် ငွေရေးကြေးရေး အရင်းအမြစ် (financial resource) များ ကို IPIJ မှ တာဝန်ယူ ကူညီပေးမည်။ ရွေးချယ်ခံရသော သတင်းထောက်များအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ပထမ လဝက်အတွင်း ဝါရင့် သတင်း ထောက်များဖြင့် Investigative workshop တစ်ခု စီစဥ်ပေး မည်။ ထို့အပြင် investigative story ထုတ်လုပ်ရန် အချိန်ပေးထားသည့် လေးလတာကာလအတွင်း အနီးကပ် ကြီး ကြပ်ပေးမည့် mentor တစ်ဦး၏ အကြံဉာဏ်နှင့် လမ်းညွှန်မှုများလည်း ရရှိမည်။ ငွေကြေးထောက်ပံ့မှုအနေဖြင့် အရွေးချယ်ခံ သတင်းထောက် တစ်ဦးချင်းကို ဒေါ်လာ (3,500) ထောက်ပံ့မည်။ ထိုထောက်ပံ့မှုကို အရွေးချယ်ခံရသော သတင်းထောက်၏ investigative story outline ကို mentor က အ တည်ပြုပြီးသောအခါ နှစ်ကြိမ်ခွဲ၍ ထုတ်ပေး မည်။
ပြည်တွင်းပြည်ပ အလွတ်တန်းသတင်းထောက်များ၊ ပြည်တွင်းပြည်ပ သတင်းဌာန တစ်ခုခုတွင် တာ၀န်ထမ်းဆောင်နေ သော သတင်းထောက်များ လျှောက်ထားနိုင်သည်။ လျှောက်လွှာကို စက်တင်ဘာလ (၂၁) ရက် နောက်ဆုံးထား၍ ipij@mizzima.com သို့ ပေးပို့ရမည်။ လျှောက်လွှာတွင် ကိုယ်ရေးအကျဥ်း၊ မိမိထုတ်လုပ်ခဲ့သော သတင်း၊ ဆောင်းပါး အပါအဝင် မိမိလျှောက်ထားမှုကို အထောက်အကူပြုနိုင်မည့် media content link များ၊ အကယ်၍ မိမိအရွေးချယ်ခံ ရပါက လုပ်ဆောင်မည့် investigative story အကြောင်းအရာ နှစ်ခု ပူးတွဲဖေါ်ပြရမည်။ ထို့အပြင် reference တစ်ဦး ကိုလည်း ဖေါ်ပြလိုက ဖေါ်ပြနိုင်သည်။ ပြည်လည်ဆက်သွယ်နိုင်မည့် အီးမေး၊ ဖုန်း၊ signal နံပါတ်များ ဖေါ်ပြထား ရမည်။
စကာတင်စာရင်းတွင် ပါဝင်သူများကို အောက်တိုဘာလ (၇)ရက်၊ ၂၀၂၃ ခုနှစ် နောက်ဆုံးပတ်အတွင်း ပြန်လည် ဆက်သွယ်မည်။ ပိုမိုသိရှိလို ပါက ipij@mizzima.com သို့ မေးဖြင့် မေးမြန်းနိုင်သည်။ လိုအပ်ပါ က IPIJ ဖက်မှ ဖုန်း၊ signal တို့ဖြင့် ပြန် လည်ဆက် သွယ် ရှင်းပြပေးမည်။
#IPIJ #Investigative_Journalists
Comments
Be the first to add a comment