Mizzima
အာဏာသိမ်းစစ်တပ်၏ ပုလဲလုပ်ငန်း၌ ပါဝင်ပတ်သက်နေသည့် ကနေဒါနိုင်ငံသား မိသားစု ၄ ဦးကို အရေးယူရန် JFM တိုင်ကြား
မောင်ခက်နွေ
မဇ္ဈိမ။ ။ အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော ကနေဒါနိုင်ငံသား မိသားစု လေးဦးကို အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးရန် Justice For Myanmar (JFM) က ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) ထံ တိုင်ချက်ဖွင့်လိုက်ကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့(မတ် ၁၀ ရက်) ညပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး ထိုတိုင်ကြားခံရမှုထဲ အဓိက ပါဝင်နေသူများမှာ Belpearl ကုမ္ပဏီကွန်ရက်ကို ပိုင်ဆိုင်သည့် Pierre Hajjar ၊ Marie Rose Jarmakli Hajjar ၊ Sarkis Hajjar နဲ့ Michael Pierre Hajjar တို့ ဖြစ်သည်။ ၎င်းတို့ဟာ ကနေဒါအစိုးရ၏ ပိတ်ဆို့အရေးယူမှုကို ဂရုမစိုက်ဘဲ မြန်မာစစ်တပ်နှင့် အကျိုးတူ စီးပွားရေး ဆက်လုပ်နေခြင်းဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်အရ သိရသည်။
Belpearl Myanmar ဟာ တနင်္သာရီတိုင်းက ရွှေကျွန်း (Russel Island) တွင် အာဏာသိမ်းစစ်တပ်ပိုင် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်နေခြင်းဖြစ်သည်။…
Comments
Be the first to add a comment