ကနေဒါနိုင်ငံသား ဒါရိုက်တာများပါဝင်သည့် ကုမ္ပဏီတခုသည် မြန်မာနိုင်ငံရှိ လူသတ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်အုပ်စုနှင့် တိုက်ရိုက်ဆက်နွှယ်နေသော နိုင်ငံပိုင်လုပ်ငန်းတခုနှင့် ပူးပေါင်းကာ အကျိုးအမြတ်များစွာရရှိနေသည့် ပုလဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေကြောင်း ကော်ပိုရေးရှင်းနှင့် အစိုးရမှတ်တမ်းများအရ သိရသည်ဟု CBC News တွင် ဖော်ပြထားသည်။
Belpearl ကုမ္ပဏီသည် တိုရွန်တို၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်နှင့် မြန်မာနိုင်ငံတို့တွင် မှတ်ပုံတင်ထားသော ဆက်စပ်လုပ်ငန်းများ ကွန်ရက်မှတဆင့် လည်ပတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုလုပ် ငန်းများအနက် တခုဖြစ်သော Belpearl Myanmar သည် မြန်မာနိုင်ငံရှိ ကပ်လျက်နေရာနှစ်ခုတွင် ပုလဲမွေးမြူရေးစခန်းတခုကို လုပ်ကိုင်လျက်ရှိသည်။
"ဒီပုလဲတွေကို 'သွေးစွန်းနေတဲ့ ပုလဲတွေ' လို့ ခေါ်ဆိုဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေ အခိုင်အမာ ရှိနေပါတယ်" ဟု Justice for Myanmar (JFM) အဖွဲ့ကို ကိုယ်စားပြုသည့် ဥပဒေကုမ္ပဏီ McMillan LLP မှ ဝီလျံ ပယ်လရင်က ပြောသည်။
Read more:
https://bur.mizzima.com/2026/03/10/84524