အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ တပတ်ကြာ ပြုလုပ်ပြီးနောက် အစ္စရေးစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီယဲလ် ဇာမာနှင့် အမေရိကန် ဗဟိုကွပ်ကဲရေးစစ်ဌာနချုပ် (CENTCOM) အကြီး အကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ် ကူးလ်ပါး နှစ်ဦးစလုံးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို "နောက်တဆင့်"သို့ တက်လှမ်းတော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့ (မတ်လ ၅ ရက်)တွင် ပြောကြားခဲ့ကြသည်။

ပထမအဆင့်တွင် အစ္စရေးနှင့် အမေရိကန်တို့သည် အဓိကအားဖြင့် အီရန်အစိုးရပစ်မှတ်များနှင့် လက်နက်ပစ်လွှတ်နိုင်စွမ်းကို လျှော့ချရန်သာ အာရုံစိုက်ခဲ့ကြသည်။ အထူးသဖြင့် ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဒုံးကျည်များကို အပြင်းအထန် ရှာဖွေကာ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

ယခုအခါ ပစ်မှတ်အသစ် ထောင်ပေါင်းများစွာ ထပ်မံပါဝင်လာပြီး ၎င်းမှာ အီရန်၏ စစ်လက်နက်ထုတ် လုပ်ငန်းများပင်ဖြစ်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပစ်မှတ်အသစ်
#ထောင်ပေါင်းများစွာ
#အီရန်စစ်ပွဲ
#ဆက်ဖြစ်လာနိုင်လဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment