တရုတ်အား လက်ရှိ ကျဉ်းထဲကျပ်ထဲမှ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်မည့် တခုတည်း သော ကုန်သွယ်ဖက်မှာ အမေရိကန်ပြည်ထောင်စုပဲဖြစ်ရာ အောင်ပန်းဆင်နိုင်မည့်သူက ဒေါ်နယ်ထရမ့်ပဲ ဖြစ်သည်ဆိုသော အဓိပ္ပာယ်ပဲ ဖြစ်တော့သည်။
အမေရိကန်၏လုပ်ရပ်များက နိုင်ငံတကာ ကုန်သွယ်ရေးစည်းမျဉ်းများကို ချိုးဖောက်ပြီး အနိုင်ကျင့်ရာ ရောက်သည်ဟု ရံဖန်ရံခါ စွပ်စွဲမှုများ ရှိသည့်ကြားကပင် တရုတ်သည် “ညှိနှိုင်းရေးအတွက် တံခါးမပိတ် ထားကြောင်း”နှင့်အမေရိကန်နှင့် “တန်းတူညီမျှ ဆွေးနွေးမှု”အတွက် တံခါးဖွင့်ထားကြောင်း အစဉ်တစိုက် အလေးပေးပြောဆိုနေခြင်းပဲ ဖြစ်တော့သည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2025/04/28/54563