“သူတို့က ဆွေးနွေးချင်နေကြတယ်။ ကျွန်တော်လည်း ဆွေးနွေးဖို့ သဘောတူလိုက်ပြီ။ ဒါကြောင့် သူတို့နဲ့ ကျွန်တော် ဆွေးနွေးဖြစ်ပါလိမ့်မယ်။ သူတို့ ဒီထက်စောပြီး လုပ်ခဲ့သင့်တာ။ လက်တွေ့ကျပြီး လုပ်ရလွယ်ကူတဲ့ အရာတွေကို သူတို့ အစောကြီးကတည်းက လုပ်သင့်တာပါ။ သူတို့ အကြာကြီး အချိန်ဆွဲနေခဲ့တယ်” ဟု ထရမ့်က နံနက် ၉ နာရီခွဲမတိုင်မီတွင် မာ-အာ-လာဂို အိမ်တော်မှ ပြောကြားခဲ့သည်။
အီရန်အပေါ် တိုက်ခိုက်မှုနှင့်ပတ်သက်၍ မြို့ကြီးအချို့တွင် အစိုးရအပြောင်းအလဲအတွက် အောင်ပွဲခံမှုများ ရှိသကဲ့သို့၊ အချို့နေရာများတွင် စစ်ဆင်ရေး ဆန့်ကျင်သည့် ဆန္ဒပြမှုကြီးများလည်း ရှိနေသည်။
ယခုအချိန်အထိ အီရန်ပြည်သူများ၏ တုံ့ပြန်မှုအပေါ် ကျေနပ်ကြောင်းလည်း ထရမ့်က ပြောသည်။
ထရမ့်က အီရန်အား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး “လူတွေက ဒါကိုလုပ်ဖို့ နှစ်ပေါင်း ၄၇ နှစ်လုံးလုံး စောင့်မျှော်ခဲ့ကြတာ။ သူတို့ (အီရန်အစိုးရ) က ၄၇ နှစ်လုံးလုံး လူတွေကို သတ်ခဲ့တာလေ၊ အခုတော့ အဲဒါက သူတို့ဘက် ပြန်လှည့်သွားပြီပေါ့။” ဟု ထရမ့်က ဆိုသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/02/83439#အီရန်
#ထရမ့်
#ဆွေးနွေးမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews