Mizzima
ထားဝယ်တွင် တော်လှန်ရေးနှင့် ဆက်နွှယ်သူများအား နှိပ်စက်သည့် ရဲတပ်ကြပ်ကို DNLA ဖမ်းဆီး၊ ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံးဟုဆို
YT
မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း တော်လှန်ရေးနှင့် ဆက်စပ်သူများ၊ နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်လေ့ရှိသည့် ရဲတပ်ကြပ်အား ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ဖမ်းဆီးထားစဉ် ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရသည်။
ထားဝယ်ခရိုင်ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ်ဝေယံ (ဒေသတွင်း၌ နဘုလယ်ဝေယံဟု လူသိများသူ)ကို DNLA က မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းစဉ် ထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ထို မတ်လ ၁၉ ရက် ညပိုင်း၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ သူ့ကို ကျွန်တော်တို့ ၁၉ ရက်နေ့မှာ ထားဝယ်မြို့အနားက ရွာတရွာ အာဆီယံ(မူးယစ်စေသော အရည်တမျိုး) သောက်နေတုန်း ကျွန်တော်တို့ DNLA ဒူရကစစ်ကြောင်းက ရဲဘော်တွေဖမ်းလာတာပါ။ ဖမ်းလာပြီးချင်း သက်ဆိုင်ရာ ဌာနတွေကိုအကြောင်းကြားပြီး စစ်မေးနေတဲ့ အချိန် ကာလပေါ့။ အဲကာလ နားနေတဲ့အချိန် ရဲဘော်တွေကို အပေါ့သွားချင်တယ်ပြောပြီး ထွက်ပြေးလို့…
Comments
Be the first to add a comment