ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်၍ ကျဆုံးသည့် ကလေးမြို့အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား သင်္ဂြိုဟ် ပြီးစီး

ပါခွီး

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့အကျဥ်းထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ၍ သေဆုံးခဲ့သည့် နိုင်ငံရေးအကျဥ်းသား ယမန်နေ့( မတ်လ ၁၄ ရက် ) က သင်္ဂြိုဟ်ပြီးစီးကြောင်း သေဆုံးသူ၏ မိသားစုဝင်များနှင့် နီးစပ်သူထံက သိရသည်။

မိသားစုဝင်များက သေဆုံးသူ ကိုဝင်းမြင့်စိုး(အသက် ၅၄ နှစ် )၏ ရုပ်အလောင်းကို တောင်းယူသော်လည်း မရခဲ့ဘဲ အကျဥ်းထောင်အစီအစဥ်ဖြင့်သာ ကံပုလဲသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

“အလောင်းကို မိသားစုက ပြန်လိုချင်လို့တောင်းတာမရဘူး ။ သူက အပြစ်ဒဏ်ကျနေတုန်းဖြစ်တော့ သေမှုသေခင်းနဲ့ ရဲလုပ်ထုံးလုပ်နည်းတွေလုပ်ဖို့ လိုအပ်တယ် ။ အလောင်းရချင်ရင်တရားရုံးကို သွားရမယ်လို့ပြောပြီး နောက်ဆုံး သူတို့အစီအစဥ်နဲ့ပဲ မီးသင်္ဂြိုဟ် လိုက်ရတာ” ဟု သေဆုံးသွားသူ၏ မိသားစု နှင့်နီးစပ်သူက မဇ္ဈိမကိုပြောသည်။

သေဆုံးသူ ကိုဝင်းမြင့်စိုး( အသက် ၅၄ နှစ်) သည် အသဲခြောက်၊ရေဖျင်းစွဲရောဂါကြောင့် ဆေးရုံအချုပ်ဆောင်တွင် ကုသမှု ခံယူစဥ် မတ်လ ၁၃ ရက် နေ့လယ် ၁၂ နာရီ ၁၅…

Comments

Be the first to add a comment