🤩မှန်ထဲကမိန်းကလေး🤩

အညွှန်းဖတ်ရန်
⬇️⬇️
ဇာတ်လိုက်ဖြစ်တဲ့ Maria (မာရီယာ) ဟာ အထက်တန်းကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အရမ်းကို အေးဆေးပြီး ကြောက်တတ်၊ ရှက်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမရဲ့ ဘဝဟာ လှပမနေခဲ့ပါဘူး။ ကျောင်းမှာလည်း သူငယ်ချင်းတွေရဲ့ အနိုင်ကျင့် (Bully) တာကို အမြဲခံရသလို၊ အိမ်မှာလည်း အလှအပနဲ့ ပြည့်စုံမှုကိုပဲ အလေးထားပြီး တင်းကျပ်လွန်းတဲ့ ပလတ်စတစ်ဆာဂျင် ဖခင်ဖြစ်သူကြောင့် စိတ်ညစ်ရပါတယ်။ မိခင်ဖြစ်သူကလည်း စိတ်ကျရောဂါအခံရှိပြီး မာရီယာ့ကို အကာအကွယ်မပေးနိုင်ရှာပါဘူး။ တစ်နေ့ထက်တစ်နေ့ ပိုပြီး အထီးကျန်လာတဲ့ မာရီယာဟာ မှန်ထဲက သူမရဲ့ အရိပ်နဲ့ စကားပြောရင်း အဖော်ပြုလာရပါတယ်။
ထူးဆန်းတာက မှန်ထဲက အရိပ်ဟာ သူမရဲ့ လှုပ်ရှားမှုတွေကို ထပ်တူမလိုက်ဘဲ သီးခြားဖြစ်နေတာပါ။ အဲဒီအရိပ်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ရက်စက်ဝံ့တဲ့ Airam (အီရန်) လို့ ခေါ်တဲ့ သူမရဲ့ အမွှာညီအစ်မ ဖြစ်နေပါတယ်။ မာရီယာ တစ်ခါမှမလုပ်ရဲခဲ့တဲ့ အရာတွေကို အီရန်က မြှောက်ထိုးပင့်ကော် လုပ်ပေးရင်းကနေ... နောက်ဆုံးမှာတော့ မာရီယာဟာ သူမရဲ့ နေရာကို အီရန်နဲ့ လဲလှယ်ဖို့ သဘောတူလိုက်ပါတော့တယ်။
မာရီယာ့နေရာကို အီရန် ဝင်ယူလိုက်ပြီးတဲ့နောက်မှာတော့... သူမကို အနိုင်ကျင့်ခဲ့တဲ့ ကျောင်းကလူတွေ၊ သူမအပေါ် မကောင်းခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ မိသားစုကို တစ်ယောက်ချင်းစီ တုံ့ပြန်ပြီး သွေးအေးအေးနဲ့ ကလဲ့စားချေတဲ့ ဇာတ်ကွက်တွေ ရက်ရက်စက်စက် စတင်လာပါတော့တယ်။

ကြည့်ရန်🔽⬇️
https://t.me/NaytoeCar/4962

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment