Mizzima
၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဖလားကို ဆွတ်ခူးတဲ့ သြစတြေးလျ
သြစတြေးလျ ၁-၀ မြန်မာ
ဟောလီဖာဖီ ၆၆’
အိမ်ရှင်ဗီယက်နမ်ရဲ့ Lạch Tray ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ သြစတြေးလျ (U23)က မြန်မာအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ သြစတြေးလျအမျိုးသမီး (U23) အသင်းက ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး MSIG Serenity Cup 2025 ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။ သြစတြေးလျအသင်းကြီးအနေနဲ့ကတော့ ၂၀၀၈ မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၀၄ နဲ့ ၂၀၀၇ တို့မှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ မြန်မာအသင်းက နောက်ဆုံးလေးကြိမ်ဆက် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။
Comments
Be the first to add a comment