အိန္ဒိယသတင်းဌာနကဖော်ပြတဲ့ဘူးသီးတောင်သတင်းစစ်ကောင်စီငြင်းဆန်
အိန္ဒိယသတင်းဌာနက ဖော်ပြတဲ့ ဘူးသီးတောင်သတင်း စစ်ကောင်စီငြင်းဆန်လိုက်ပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် AA ဖန်တီးနေတာလို့ ပြန်စွပ်စွဲအာဏာသိမ်း စစ်ကောင်စီဟာ အာရက္ခတပ်တော် AA ကိုတိုက်ခိုက်ဖို့ ARSA (အာဆာ) အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်နဲ့ အာရကန် ရိုဟင်ဂျာတပ်မတော် (ARA) အဖွဲ့ဝင်တွေကို စစ်သင်တန်းပေးနေပြီး ဒေသတွင်းမတည်ငြိမ်ရေးကို ဖော်ဆောင်နေတယ်လို့ The New Indian Express က ဧပြီလ ၁၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ဘူးသီးတောင်မှာ စစ်ရေး အခြေအနေတွေက ခက်ထန် ဆိုးရွားနေပြီး အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း တချို့ဟာ အာဏာသိမ်း စစ်တပ်ကိုယ်စား ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေအပေါ် ဘာသာရေး အခြေခံတဲ့ သတ်ဖြတ်မှုတွေ၊ အနိုင်ကျင့်မှုတွေ ကျူးလွန်နေကြောင်း Indian Expressက ဆိုပါတယ်။အဲဒီ အခြေအနေတွေကြောင့် ၂၀၁၇ တုန်းက ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဟိန္ဒူတွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ကိစ္စမျိုးတွေ ထပ်မံ ပေါ်ပေါက်လာမှာ စိုးရိမ်ရတယ်လို့လည်း အိန္ဒိယ သတင်းဌာနက ရေးသားထားပါတယ်။ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့တာက မမှန်ကန်တဲ့လုပ်ကြံဖန်တီးရေးသားချက်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက်က တုံ့ပြန်ပါတယ်။သတင်းရေးသားဖော်ပြတဲ့ အိန္ဒိယမီဒီယာကိုလည်း ရှုတ်ချကြောင်း ပြောပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် အာရက္ခတပ်တော် (AA) က ဖန်တီးနေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ စွပ်စွဲပြောဆိုထားပါသေးတယ်။ရခိုင်ပြည်နယ်က လူမျိုးရေးပဋိပက္ခတွေကို စစ်တပ်က ဘယ်တုန်းကမှ လုပ်တာမရှိဘဲ AA က လုပ်နေတာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာပါ။ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့က မီးလောင်ခဲ့ပြီး ဒီကိစ္စကို စစ်ကောင်စီနဲ့ မြို့နေ မွတ်စလင်တချို့က လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ်မစ်အဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်ဆိုတဲ့ အိန္ဒိယအခြေစိုက် India Express သတင်းဌာနရဲ့ဖော်ပြချက်တို့အပေါ် စစ်ကောင်စီဘက်က ပြန်လည်ဖြေရှင်းထုတ်ပြန်တာဖြစ်ပါတယ်။India Express သတင်းဖော်ပြချက်ကို အာရက္ခတပ်တော်လို့ သိပ်ကြာခင်က အမည်ပြောင်းလဲထားတဲ့ အာရက္ခတပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ X လူမှုမီဒီယာမှာလည်း ထပ်ဆင့် ဝေမျှထားတာပါ။ ဒါ့အပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ဦးထွန်းခင်နဲ့ ကိုရိုနေဆန်းလွင်တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး AA ခေါင်းဆောင်တွေနဲ့တွေ့ကာ ရိုဟင်ဂျာ လူငယ်ငါးသောင်းကို AA နဲ့ပူးပေါင်းဖို့ စည်းရုံးခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။အာရက္ခတပ်တော် AA ကလည်း အာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်စစ်မျက်နှာမှာ စစ်မနိုင်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးပုံဖော်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။AA က ရခိုင်ပြည်နယမှာ ထိုးစစ်ဆင်ကာ စစ်တပ်စခန်းများ ၊မြို့များကို သိမ်းပိုက်နေတာဖြစ်ပြီးမောင်တောမြို့နယ် ၊ တောင်ပြို (လက်ဝဲ၊လက်ယာ) ရှိ စစ်တပ်နယ်ခြားစောင့်စခန်းများကို AA က ယခုနှစ်ဖေဖော်ဝါရီလဆန်းက တိုက်ခိုက်သိမ်းပိုက်ရာ စစ်စခန်းတွေနဲ့မနီးမဝေးမှာ ARA ၊ RSO စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ စခန်းများကိုတွေ့ရပြီး စစ်တပ်အရာရှိတွေနဲ့ လက်နက်ခဲယမ်းများပင်အတူအရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်း AA ကထုတ်ပြန်ထားပါတယ်။လတ်တလောမှာတော့ ဘူးသီးတောင်မြို့မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရထားရတာလည်းဖြစ်ပါတယ်။#Political News#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page…

Comments

Be the first to add a comment