ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖော်ဝါရီလကုန်တွင် ပိတ်မည်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖင်လန်သံရုံးက ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

ကြေညာချက်တွင် သံရုံး ပိတ်သိမ်းရခြင်း အကြောင်းအရင်းကို ဖော်ပြထားခြင်းမရှိသော်လည်း သံရုံးပိတ်သိမ်းပြီးနောက် ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွာ အစရှိသည့် ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဖင်လန်သံရုံးမှ တဆင့် ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ ♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/24/82988

Comments

Be the first to add a comment