PP LINK UPLOAD
ရုပ်ရှင်ချစ်သူတိုင်းတစ်သက်မှာတစ်ခါ မဖြစ်မနေကြည့်သင့်တဲ့အီတလီဂန္ထဝင်ကားကြီး
📺
အညွှန်းဖတ်ရန်
🔽
⬇️
ဒုတိယကမ္ဘာစစ်အပြီး အီတလီနိုင်ငံ၊ စစ္စလီကျွန်းပေါ်က ဂျန်ကာလ်ဒို (Giancaldo) ဆိုတဲ့ မြို့ငယ်လေးမှာ မြို့သူမြို့သားတွေရဲ့ တစ်ခုတည်းသော အပန်းဖြေစရာနေရာကတော့ "Cinema Paradiso" ဆိုတဲ့ ရုပ်ရှင်ရုံလေးပဲ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ စစ်ပွဲမှာ ပျောက်ဆုံးသွားတဲ့နောက် ရုပ်ရှင်ရုံထဲကို အမြဲခိုးဝင်ကြည့်တတ်တဲ့ တိုတို (Toto) ဆိုတဲ့ ကလေးလေးဟာ ရုပ်ရှင်ပြစက်ကိုင်တဲ့ စိတ်တိုတတ်ပေမဲ့ စိတ်ရင်းကောင်းသူ ဦးလေးကြီး အယ်လ်ဖရက်ဒို (Alfredo) နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ တိုတိုရဲ့ ရုပ်ရှင်အပေါ် ရူးသွပ်မှုကို မြင်တဲ့အခါ အယ်လ်ဖရက်ဒိုက ရုပ်ရှင်ပြစက် ကိုင်တွယ်နည်းတွေကို သင်ပေးရင်း သူတို့နှစ်ဦးကြားမှာ သားအဖလို၊ ဆရာတပည့်လို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။
တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ မီးလောင်မှုကြီးကြောင့် အယ်လ်ဖရက်ဒိုတစ်ယောက် မျက်စိကွယ်သွားခဲ့ရပြီး၊ ကလေးသာသာ တိုတိုလေးက မြို့ရဲ့ တစ်ဦးတည်းသော ရုပ်ရှင်ပြစက်ကိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တိုတို အရွယ်ရောက်လာတဲ့အခါ သူ့ဘဝရဲ့ အချစ်ဦးဖြစ်တဲ့ အယ်လီနာ (Elena) နဲ့ ဆုံတွေ့ခဲ့ရသလို၊ သူ့ရဲ့အနာဂတ်အတွက် မွေးရပ်မြေနဲ့ ချစ်ရသူတွေကို စွန့်ခွာဖို့ အကြောင်းဖန်လာတဲ့အခါ...
ကြည့်ရန်
🔽
⬇️
https://t.me/c/3470130015/2812
ချန်နယ်အရင်Joinပါ
⬇️
🔽
https://t.me/+C9Cng6XeSRcwNjhl
Comments
Be the first to add a comment