မဇ္ဈိမ
မြန်မာ-ထိုင်းနယ်စပ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ သက်တမ်းရင့် ပူလူတူတပ်စခန်းကုန်းကို ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။
အဆိုပါ စခန်းကုန်းကို သိမ်းပိုက်ရန် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစတင်ကာ နေ့စဉ်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။
အထူးသဖြင့် Drop ဗုံးများအသုံးပြု၍ ပြင်းထန်စွာထိုးစစ်ဆင်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ နောက်ဆုံးတွင် စခန်းကုန်းကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
Karen Information Center (KIC) ၏ ယနေ့သတင်းဖော်ပြချက်အရ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး နှစ်ဦးသေဆုံးခဲ့ပြီး လက်နက်နှင့်တကွ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသူ ၁၁ ဦးရှိကြောင်း သိရသည်။
Read more:
https://bur.mizzima.com/2025/03/14/49269