စစ်ကော်မရှင်၏ လွတ်ငြိမ်း အကြိမ် ၂၀ တွင် နိုင်ကျဉ်း ၂၅ ရာခိုင်နှုန်းခန့်သာပါဝင်

001

မဇ္ဈိမ။ ။ အာဏာသိမ်းကာလငါးနှစ်အတွင်း စစ်ကော်မရှင်၏ လွတ်ငြိမ်းသက်သာခွင့်ပေးမှု အကြိမ် ၂၀ တွင် နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) ၂၅ ရာခိုင်နှုန်းခန့်သာ ပါဝင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) က ယနေ့ (မတ် ၁၂) တွင် ထုတ်ပြန်သည်။

စစ်ကော်မရှင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့အထိ လွတ်ငြိမ်းသက်သာ ခွင့် အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်းနှင့် အမှုရုပ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ယင်းတွင် နိုင်ငံရေးအမှုများမှ လွတ်ငြိမ်းသက်သာခွင့်ရသူပေါင်း ၃၅,၀၀၀ ကျော်ဖြင့် ၂၄ ဒသမ ၉ ရာခိုင်နှုန်းသာပါဝင်ကြောင်း ဖော်ပြသည်။ နိုင်ငံရေးနှင့် မဆက်နွှယ်ဘဲ အခြားအမှုများမှ လွတ်ငြိမ်းသက်သာခွင့်ရသူသည် ၇၅ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်းလည်း ဆိုထားသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်မီ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသူ ၅,၅၈၀ ဦးကို အမှုပိတ်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲအပြီးတွင်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ…

Comments

Be the first to add a comment