အိန္ဒိယနိုင်ငံအား ဆန့်ကျင်သည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံသားတဦး အပါအဝင် နိုင်ငံခြားသား ခုနစ်ဦးကို အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်ကြောင်း The Print သတင်းဌာနက ဖော်ပြသည်။
ဖမ်းဆီးခံရသူများတွင် အမေရိကန်နိုင်ငံသားတဦးနှင့် ယူကရိန်းနိုင်ငံသား ခြောက်ဦးတို့ ပါဝင်ပြီး ၎င်းတို့အား ၁၉၆၇ ခုနှစ် ဥပဒေနှင့်မညီသောလုပ်ရပ်များ ကာကွယ်တားဆီးရေးအက်ဥပဒေ (UAPA) ပုဒ်မ ၁၈ အပါအဝင် သက်ဆိုင်ရာ စွဲချက်များဖြင့် ပြီးခဲ့သည့် သောကြာနေ့က ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း အမှုအခြေအနေကို သိရှိသည့် သတင်းရင်းမြစ်များက ဆိုသည်။
Read more:
https://bur.mizzima.com/2026/03/17/85213