ပါခွီး
(မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မဏိပူရနှင့် အာသံပြည်နယ်တို့တွင် ဖမ်းဆီးထိန်း သိမ်းထားသည့် မြန်မာစစ်ဘေးရှောင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် အိန္ဒိယ ဗဟို အစိုးရကို မြန်မာနိုင်ငံနှင့် အိန္ဒိယနယ်စပ်တလျောက်ရှိ အဖွဲ့အစည်း ၁၉၆ ဖွဲ့က ယနေ့ (မတ်လ၂၀ရက်) တွင် လက်မှတ်ထိုးတောင်းဆိုလိုက်သည်။
“နိုင်ငံခြားရေး ၊ ပြည်ထဲရေးနဲ့ ဝန်ကြီးချုပ်ရုံးများကို အိတ်ဖွင့်ပေးစာကို ဒီနေပို့ သွားမယ် ၊ ဒီတောင်းဆိုမှုတွေကို ထွေထွေထူးထူး တုံ့ပြန်မှုမရှိဘူးဆိုရင် အိန္ဒိယရဲ့ လုပ်ဆောင်မှု တွေကို နိုင်ငံတကာကသိရှိအောင် လုပ်သွားဖို့ရှိမယ်" ဟု ထုတ်ပြန်တောင်းဆိုမှုကို ဦးဆောင်ပါဝင်ခဲ့သည့် India for Myanmar အဖွဲ့ဦးဆောင်သူ ဆလိုင်းဒိုခါရ် က မဇ္ဈိမ ကိုပြောသည်။
အကျဥ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် ကိုင်တွယ်လုပ်ဆောင်မည့် ဝန်ကြီးဌာနများကို ဦးစားပေးပို့ဆောင်ပေးခြင်းဖြစ်ပြီး ထူးခြားမှုမရှိပါက အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်အပါအဝင် အခြားဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တဆင့် ဖိအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
Read more:
https://bur.mizzima.com/2025/03/20/49950