Frenzy [1972]

Review 📃

ရစ်ချက်ဘလိန်နီဟာ လေတပ်အရာရှိဟောင်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီး
ဘဝကိုပေတေစုတ်ပြတ်စွာ ဖြတ်သန်းရင်း ဘုံဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေရာကသူနဲ့အမြင်မကြည်တဲ့ ဆိုင်မန်နေဂျာက အားတိုင်း ရှက်ကီခိုးထု ပစ္စည်းတွေခိုးပါတယ်ဆိုပြီးသောက်မြင်ကပ်ပုဒ်မနဲ့ ကွိုင်ရှာလို့ မန်နေဂျာနဲ့ စကားများပြီး အလုပ်ကထွက်လာခဲ့ပါတယ်။သွားစရာ စားစရာလည်းမရှိလို့ သူငယ်ချင်းတစ်ယောက် အကြံပေးတဲ့အတိုင်းကွာရှင်းထားတဲ့ မိန်းမဆီကို အပူကပ်ခဲ့ရပါတယ်။ မိန်းမဖြစ်သူကတော့
ကြင်ဖက်ရှာဖွေရေး အေဂျင်စီထောင်ထားပြီး အတော်လေးအောင်မြင်နေတဲ့ အမျိုးသမီးဖြစ်နေပါတယ်။ ငမူး ရစ်ချက် ဘလိန်နီကတော့ မူမူးရူးရူးနဲ့ အပြောမဆိုတတ် အော်ကြီးဟစ်ကျယ် မိန်းမဖြစ်သူကို ပြောလို့ဆိုလို့ပေါ့။ သူတို့ လန်ဒန်မြို့မှာပဲ နက်ခ်တိုင်လူသတ်သမားဆိုတဲ့လူကိုသဲလွန်စတောင် မရှာနိုင်သေးလို့ ရဲတွေခေါင်းကြိမ်းနေရဆဲပါ။ မိန်းမဖြစ်သူ ညစာလိုက်ကျွေးပြီးအပြန်အများသုံးပေါချောင်မကောင်း အဆောင်တစ်ခုမှာ တည်းခဲ့ရပါသေးတယ်။နောက်နေ့ မိန်းမဖြစ်သူဆီ ပြန်သွားတဲ့အချိန်မှာ ရုံးတံခါးမဖွင့်ပေးတာကြောင့်ပြန်လာခဲ့လိုက်ပါတယ်။


😍ကြည့်ရန်နှိပ်ပါ👇

t.me/zzzmovie2/2296

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment