ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တဦးက အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်ပိုင်နက် ကျွန်းငယ်လေးတခုသို့ ဖေဖော်ဝါရီ ၂၁ ရက်က သွားရောက်စဉ်အတွင်း၊ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ရန်နှင့် တရုတ်၏ ပိုင်နက်အရေးဆိုမှုများကို 'စဉ်ဆက်မပြတ်' တုံ့ပြန် တွန်းလှန်သွားရန် တိုက်တွန်းလိုက်သည်။

ဖိလစ်ပိုင်အခေါ် ပတ်အာဆာဟု သိကြသည့် သီတူးကျွန်းတွင် အဓိကအားဖြင့် တံငါသည်မိသားစုများ ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသား ၄၀၀ ခန့် နေထိုင်ကြပြီး၊ ၎င်းတို့မှာ တရားမဝင် ကျူးကျော်နေထိုင်သူများ ဖြစ်ကြောင်း တရုတ်က စွပ်စွဲထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82784

#ဖိလစ်ပိုင်
#တရုတ်
#တောင်တရုတ်ပင်လယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment