Pp Movie Uploader
ပန်းချီကားသွားခိုးရင်း အိမ်ကြီးထဲမှာ တစ်ယောက်တည်းပိတ်မိနေတဲ့အခါ…
🖤
📱
😘
အညွှန်းဖတ်ရန်
🔽
⬇️
⬇️
နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။ ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။ ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။ စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။ အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။ ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။ စားစရာဆိုတာကလဲသိပ်မရှိ။ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင် “ဟေး မာကရီနာ” ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။ ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး “နီမို” ထွက်လမ်းကိုဘယ်လိုရှာမလဲ။ နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့ ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ကြည့်ရန်
⬇️
⬇️
⬇️
https://t.me/MyanmarZKarsone0/3023
🍿
ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲
⚪
🎬
🔽
⬇️
🤩
https://t.me/addlist/fK1TGyQZgBdkODQ9
Comments
Be the first to add a comment