အာမယ်လီရဲ့ဆန်းကြယ်သောကမ္ဘာလေး📺

အညွှန်းဖတ်ရန်
🔽⬇️
ပဲရစ်မြို့ရဲ့ မွန်မာထရ် (Montmartre) ရပ်ကွက်လေးမှာ နေထိုင်တဲ့ အာမယ်လီ ပူလန်း (Amélie Poulain) ဟာ ငယ်စဉ်ကတည်းက မိဘတွေရဲ့ နားလည်မှုလွဲမှားတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အပြင်လောကနဲ့ အဆက်အသွယ်ပြတ်ပြီး တစ်ယောက်တည်း စိတ်ကူးယဉ်ကမ္ဘာထဲမှာ ကြီးပြင်းလာခဲ့ရသူပါ။ အရွယ်ရောက်လာတဲ့အခါ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်ရင်း သာမန်လူတွေ သတိမထားမိတတ်တဲ့ ဘဝရဲ့ အသေးအဖွဲ ပျော်ရွှင်စရာလေးတွေ (ဥပမာ - ကရင်မ်ဘရူလေး မုန့်မျက်နှာပြင်ကို ဇွန်းနဲ့ဖောက်တာ၊ ပဲအိတ်ထဲ လက်နှိုက်တာမျိုးတွေ) နဲ့ပဲ နေသားကျနေခဲ့ပါတယ်။
တစ်ညမှာတော့ သူမနေထိုင်ရာ တိုက်ခန်းရဲ့ ရေချိုးခန်းနံရံကြားထဲကနေ နှစ်ပေါင်း ၄၀ ကျော်ကြာ ဝှက်ထားခဲ့တဲ့ သံဘူးအဟောင်းလေးတစ်ခုကို မတော်တဆ ရှာတွေ့သွားခဲ့ပါတယ်။ အဲဒီသံဘူးလေးထဲမှာတော့ ကလေးတစ်ယောက် တန်ဖိုးထားသိမ်းဆည်းထားတဲ့ အမှတ်တရပစ္စည်းလေးတွေ ပါဝင်နေတာကြောင့် အာမယ်လီဟာ ပိုင်ရှင်အစစ်ကို မရရအောင် လိုက်လံရှာဖွေပြီး တိတ်တဆိတ် ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/Shikf07/6667

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment