စပိန်နဲ့ အာဂျင်တီးနားတို့ရဲ့ ‘Finalissima’ ပွဲစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း UEFA ထုတ်ပြန်

AFP

ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းနဲ့ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းတို့ မတ်လ ၂၇ ရက်နေ့ ကာတာနိုင်ငံမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ‘Finalissima’ ပွဲစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ UEFA က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲက ဒေသတွင်းကို သက်ရောက်မှုရှိနေတာကြောင့် ရက်စွဲနဲ့ နေရာကို ပြောင်းလဲဖို့ လိုအပ်ခဲ့တာဖြစ်ပေမဲ့ “အာဂျင်တီးနားနဲ့ သဘောတူညီမှုရရှိဖို့ မဖြစ်နိုင်ခဲ့ဘူး”လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

“လက်ရှိအခြေအနေတွေနဲ့ အချိန်အခါကြောင့် အသင်းတွေအနေနဲ့ ဒီဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖလားအတွက် ကာတာမှာ ယှဉ်ပြိုင်ခွင့် မရတော့တာဟာ UEFA နဲ့ ပွဲစီစဉ်သူတွေအတွက်တော့ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတခု ဖြစ်သွားပါတယ်။” လို့ UEFA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Finalissima ဆိုတာ နောက်ဆုံး ကိုပါအမေရိက ချန်ပီယံနဲ့ ဥရောပချန်ပီယံတို့ကို ထိပ်တိုက်တွေ့ဆုံပေးတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က လန်ဒန်မြို့၊ ဝမ်ဘလေကွင်းမှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် ပြိုင်ပွဲမှာတော့…

Comments

Be the first to add a comment