ကမ္ဘာ့အာရုံစိုက်မှုတို့က အရှေ့အလယ်ပိုင်းစစ်ပွဲဆီ ရောက်နေပြီး အကူအညီများလည်း ထပ်မံလျော့ နည်းလာနေချိန်တွင် မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့က "ပို၍ပင် ဆိုးရွားသွားနိုင်သည့်" ဘေးရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်ကျွမ်းကျင်သူက သတိပေးသည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်အကြာ အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားများကို မရပ်မနား ဆက်လက်တိုက်ခိုက်နေပြီး အသည်းအသန်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ပိတ်ဆို့နှောင့်ယှက်လျက် ရှိကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန်အန်ဒရူးက ယခုသီတင်းပတ်အတွင်း AFP နှင့် အင်တာဗျူးတခုတွင် ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အရှေ့အလယ်ပိုင်း
#စစ်ပွဲကြောင့်
#မြန်မာအကျပ်အတည်း
#ပိုမိုနက်ရှိုင်းသွား
#ကုလကျွမ်းကျင်သူ
#သတိပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------

Comments

Be the first to add a comment