Mizzima
“အီရန် အညံ့ခံမည်မဟုတ်”၊ အမေရိကန်နှင့် အစ္စရေးက အီရန်ကိုလျှော့တွက်ဟု ဂျွန်ဟော့ပ်ကင်းစ်ပညာရှင် ပြော
Democracy Now
အီရန်ခေါင်းဆောင် အယာတိုလာခါမေနီကို လုပ်ကြံသတ်ဖြတ်ပြီးနောက် နောက်ထပ် တရားဝင် အစားထိုးခေါင်းဆောင် မည်သူ့ကိုမဆို ဆက်လက်ပစ်မှတ်ထားမည်ဟု အစ္စရေးဘက်က ပြောထားသည်။
အစ္စရေးသည် လက်ဘနွန်တွင် ပထမဆုံးအသုံးပြုခဲ့သည့် “Dahiya doctrine” ဟုခေါ်သော စစ်မဟာဗျူဟာကို မကြာမီအသုံးချနိုင်ကြောင်း လေ့လာသုံးသပ်သူများကလည်း သတိပေးထားသည်။ ယင်းမဟာဗျူဟာမှာ လူနေထူထပ်သည့် မြို့ပြနေရာများကို အပြင်းအထန် ဗုံးကြဲသည့် နည်းလမ်းဖြစ်သည်။
အမေရိကန်ဘက်က စစ်ပွဲကို အချိန်တိုအတွင်း အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း အီရန်သည် “ကမ္ဘာ့သမိုင်းတလျှောက် အကြီးမားဆုံး စစ်ရေးအင်အားကြီးနိုင်ငံ” ဖြစ်သော အမေရိကန်နှင့် “အရှေ့အလယ်ပိုင်းတွင် နျူကလီးယားလက်နက်ရှိသည့် တခုတည်းသောနိုင်ငံ” ဖြစ်သော အစ္စရေးကို ရင်ဆိုင်ကာ “အမှည့်ခြွေစစ်ပွဲ” မဟာဗျူဟာဖြင့် ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ မနုဿဗေဒနှင့် အရှေ့အလယ်ပိုင်းလေ့လာရေးပါမောက္ခ နာဂတ်စ်ဘာဂျိုဂလီက Democracy Now သတင်းဌာနှင့်အင်တာဗျူးတွင်…
Comments
Be the first to add a comment