Mizzima
ဖောင်းပြင်မြို့နယ် ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၁၀ ဦးခန့် ဒဏ်ရာရ
ပါခွီး
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကျေးရွာရှိ ကားဝန်းဟောင်းနှင့် စျေးတန်းကို ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ဂျက်ဖိုက်တာ၊ Y12 နှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) နံနက် ၃ နာရီ မိနစ် ၄၀ မှ ၄ နာရီ အထိ ကျေးရွာအတွင်းသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများအတွင်း လူသေဆုံးမှုမရှိဘဲ လူနေအိမ်နှင့် ကားများ ပျက်စီးသွားကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများထံက သိရသည်။
“မနေ့က ဖိုက်တာပစ်တာချည်းပဲ ၂၀လောက်ရှိတယ်။ Y12နဲ့က နှစ်ကြိမ် ဂျိုင်ရိုကော်ပတာနဲ့ သုံးကြိမ် လာကြဲတယ်။ လူအသေအပျောက်ရှိတယ်လို့မသိရသေးဘူး ထိခိုက်ဒဏ်ရာရတာတော့ ဆယ်ဂဏန်း လောက်ရှိတယ်”ဟု မော်လိုက်ခရိုင်အမှတ်(၁) တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။…
Comments
Be the first to add a comment