ရုပ်ရှင်ရိုက်ဖို့ငွေမရှိလို့ဘဏ်ကိုဓားပြတိုက်ကြသောအခါ📱

အညွှန်းဖတ်ရန်
🔽🔽

တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး
ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။
ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။
အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့
လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို
ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင်ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။
ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။
ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ
ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။
ကြည့်ရန်🔽🔽
https://t.me/Shikf07/2652

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment