ရေမျက်နီရွာ မီးလောင်ပြင်တွင် ပိတ်မိနေသည့် အဖိုးအဖွား၂ဦးကို YRA ကယ်ထုတ်
ကိုခင်မောင် (မဇ္စျိမ)။ ။မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာ မီးလောင်မှုတွင် ပိတ်မိနေသည့် အဖိုးအဖွားနှစ်ဦးကို ကယ်ထုတ်ခဲ့ကြောင်း Yaw Revolution Army -ထီးလင်းအဖွဲ့က ယနေ့ ဧပြီလ ၆ရက်တွင် သတင်းထုတ်ပြန်သည်။ဧပြီလ ၃ရက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းက ရေမျက်နီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဧပြီလ ၄ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် မီးလောင်ပြင်အား နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် လမ်းမလျှောက်နိုင်ဘဲ ပိတ်မိနေသော အဖိုးအဖွားနှစ်ဦးကိုတွေ့ရှိ၍ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း YRA- ထီးလင်းတပ်ဖွဲ့ထံက သိရသည်။ “သူတို့(အဖိုးအဖွားနှစ်ဦး)က သားအမိတော်တာဗျ။ သားဖြစ်တဲ့သူက အသက်၆၀လောက်ရှိတယ်။ မိခင်ဖြစ်တဲ့သူက ၈၄ နှစ်လို့ ကျွန်တော်တို့သိရတယ်။ သူတို့က လမ်းသွားဖို့ ကျန်းမာရေးအခက်အခဲရှိတယ်။ မီးလောင်နေတဲ့အချိန်မှာ အိမ်ထဲကနေထွက်ပြီး အုတ်ကန်ဘေးနားမှာပဲ ထိုင်ပြီးတော့ ဒီတိုင်းနေနေတာဗျ။ ကံကောင်းတာတခုက မီးကသူတို့ဆီမရောက်ဘူး။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ တွေ့လို့ ကယ်တင်လာခဲ့တာပါ” ဟု Revolution Army -ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က မဇ္စျိမသို့ပြောသည်။အိမ်ခြေ ၄၀၀ဝန်းကျင်ရှိသော ရေမျက်နီကျေးရွာအား ကျောမြို့ ကပစ( ၂၃)မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ၂၀၀ ကျော်မီးလောင်ပြာကျသွားကြောင်း သခင်ဇော်ထံမှ သိရသည်။“ရေမျက်နီစခန်းမှာ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ရှိသေးတယ်။ အင်အား၇၀လောက်ကလည်း စခန်းထဲမှာရော စခန်းဘေးနားက ကုန်းတွေမှာရော တပ်ဖြန့်ထားတယ်“ ဟု Revolution Army -ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က ဆက်ပြောသည်။မတ်လ ၃၀ ရက်နေ့တွင် ရေမျက်နီရဲစခန်းအား ၄၀ မမ ဗုံးသီးငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ထို့နောက် ၎င်းတို့နှစ်ဦးအား လာရောက်ခေါ်ဆောင်ရန် ကျောမြို့ ကပစ (၂၃)မှ ထွက်လာသည့် အင်အား၇၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဧပြီလ ၃ ရက်နေ့တွင် ရေမျက်နီရွာသို့ ရောက်ရှိလာကာ ရွာအားမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ယင်းနေ့တွင်ပင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့အား ကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာများ ရရှိသွားကာ ဧပြီလ ၄ ရက်နေ့တွင် ဒဏ်ရာရရှိသူ စုစုပေါင်းလေးဦးထဲမှ နှစ်ဦးထပ်မံသေဆုံးသွားသည်ဟု သခင်ဇော်က မဇ္စျိသို့ပြောသည်။ဂန့်ဂေါ-မန္တလေးကားလမ်းမကြီးပေါ်ရှိ အိမ်ခြေ ၄၀၀ ခန့်ရှိသော ရေမျက်နီကျေးရွာသည် ကျောမြို့ ကပစ (၂၃)မှ ရှစ်မိုင်ခန့်ကွာဝေးပြီး ထီးလင်းမြို့မှ ၂၈ မိုင်ခန့် အကွာတွင်တည်ရှိသည်။ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ရေမျက်နီရဲစခန်းသို့ ရိက္ခာရနိုင်သော လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ထားလျက်ရှိရာ ကျောမြို့ ကပစ(၂၃) မှ စားနပ်ရိက္ခာများကို ရေမျက်နီရဲစခန်းသို့ မြေပြင်စစ်ကြောင်းမှ ပေးပို့လျက်ရှိကြောင်း သိရသည်။စာတည်း ။ ။ ဖူးသိမ်ကျရုပ်သံအညွှန်း။ ။ Yaw Revolution Army (ထီးလင်း)ရဲဘော်များမှ ရေမျက်နီရွာ မီးလောင်ပြင်တွင် ပိတ်မိနေသော အဘိုးအဘွားနှစ်ဦးကို ကယ်ထုတ်နေစဥ်ရုပ်သံ ။ ။ YRA - Htilin#မကွေးတိုင်း#ထီးလင်းမြို့နယ်#မီးရှို့ဖျက်ဆီးမှု-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12USubscribe our channel:https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free https://bit.ly/3U39QDBWebsite :https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
https://www.youtube.com/watch?v=JuBn8fZMBgQ

Comments

Be the first to add a comment